ယခုအစီအစဥ်သည် ခေတ်ပေါ်အိမ်စီးကားတွေကြား ရံဖန်ရံခါ ပြည်လမ်းမပေါ် တက်လာတတ်သော လိပ်ခုံးကားကလေးနှင့်တူနေနိုင်ပါသည်။ တစ်နေ့တာလုပ်ငန်းပြီးလို့ ညအချိန်ရောက်တဲ့အခါ ဟိုတစ်ချိန်က ရေဒီယိုဇာတ်လမ်းတွေလို လူသားများစွာရဲ့ဘဝတွေထဲက ရယ်စရာ၊ မောစရာ၊ သံဝေဂရစရာ အဖြစ်တွေကို ခံစားနိုင်ဖို့ဖြစ်ပါတယ်။ ပလာတာဆရာကြီးတွေ မိုင်လိုတို့ ချောကလက်တို့နဲ့ အဟောင်းကို အားပြုပြီး အသစ်ထွင်သလို ခေတ်ပေါ် လူအဖွဲ့အစည်းနဲ့ ကိုက်ညီသင့်တော်တဲ့ စကားလုံးတွေ၊ စံတန်ဖိုးသတ်မှတ်ချက်တွေ၊ ထုတ်လုပ်ရေးစနစ် နဲ့ အသံပံ့ပိုးမှုတွေပါဝင်ဖို့ အချိန်လုပ်အား၊ ဉာဏ်အင်အားတွေနဲ့ ပူးပေါင်းဖန်တီးထားတဲ့ အစီစဥ်တစ်ခုဖြစ်ပါတယ်။
Burma Podcast Network
Sign up to track rankings and reviews from Spotify, Apple Podcasts and more.